Facebook Facebook Facebook Facebook

ဗိုလ်ချုပ်သို့ တိုင်တန်းခြင်း

ဗိုလ်ချုပ်သို့ တိုင်တန်းခြင်း
---------------------

အိုဖခင် ...
ကျွန်ုပ်တို့ အကျိုးဆောင်ရင်း
ကျည်အစင်းစင်းခ
အသက်ပေးခဲ့ရရှာလေတဲ့ ကျေးဇူးရှင်။

ဖခင်၏ ဂုဏ်ကျေးဇူးကို နှောင်းလူများမေ့ဖျောက်ရန်
သူတို့ အပြင်းအထန် အားထုတ်ခဲ့ကြသည်။

ငွေကြေးထက်မှ ဖခင်၏ရုပ်လွှာကို
တိရိစ္ဆာန်များဖြင့် အစားထိုးထားကြကုန်၏။
ဖခင် အသက်ပေးခဲ့ရာနေ့အတွက်
ဥသြသံကလေးမျှကိုပင် တွန့်တိုကြ၏။

ဖခင်ပေးတဲ့ စစ်ပညာဟု ကျွန်ုပ်တို့ ဟစ်ကြွေးကြသောအခါ
စစ်ပညာကို ဖခင်ပေးသည်မဟုတ်ဟု
အမိဝမ်းကတည်းက တတ်လာသည့်ပမာ
ဆင်ခြေကန်ကြကုန်၏။

ဖခင့်အထိမ်းအမှတ်နေရာအား အရိုသေပြုဖို့ပင် ယခင်က မလွတ်လပ်ခဲ့။
နိုင်ငံတော်၏ အမြင့်ဆုံးခေါင်းဆောင်က
လာရောက် ဦးညွှတ်သည်ကို
ဘယ်တုန်းကမှ မတွေ့ခဲ့ရသည် ဖြစ်၏။

ဖခင်ကိုပင် တစ်ခါတစ်လေ
ဦးအောင်ဆန်းဟု သုံးနှုန်းတတ်၏။
ဖခင့်အထိမ်းမှတ်ရုပ်တုရှေ့၌
ဆွမ်းကပ် အခမ်းနားပြုဖို့ပင် သူတို့ခွင့်မပြု။

သူတို့ကား ကျေးဇူးကန်းသူများ ဖြစ်ကြပါ၏။
တိုင်းတစ်ပါးသားများလက်မှ
ဖခင်လုယူပေးခဲ့သော ကုလားထိုင်တွင်ထိုင်ရင်း
တရုတ်ကြောက်မင်းဆက်ကို တည်ထောင်ကြကုန်၏။

ဖခင်မွေးဖွားပေးခဲ့သော အဖွဲ့စည်းကို
သူတို့တစ်သိုက် ကိုယ်ကျိုးအတွက်
ခါးပိုက်ဆောင်အဖွဲ့သဖွယ်သုံးရင်
တစ်ချိန်ကတောက်ပခဲ့သော ဂုဏ်သိရ်ကို
ပြောင်းပြန် နိမ့်ကျသွားအောင် ဖျက်ဆီးပစ်ကြ၏။

သူတို့ကား သားဆိုးများ ဖြစ်ပါ၏။
ရောက်လေရာအရပ်မှ ခွင့်မလွှတ်ပါနှင့် အိုဖခင်။
 သွန်းနေစိုး

0 comments:

Post a Comment